သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > Trade Council အကြောင်း သိကောင်းစရာ

Trade Council အကြောင်း သိကောင်းစရာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမည်-
ကုန်သွယ်မှု မူဝါဒကောင်စီ

စတင်ဖွဲ့စည်းသည့်နှစ် -
၁၉၉၇ နှစ်ကုန်ပိုင်း
၁၉၉၇ တွင် ကုန်သွယ်ရေးပေါ်လစီအမှားများ (အဓိက ဆန်စပါး) နှင့် အဂတိလိုက်စားမှုများကြောင့် ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်အား ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ကုန်သွယ်ရေးမူဝါဒများ စီစစ်ကြီးကြပ်ရန်ဟုဆိုကာ စတင်ဖွဲ့စည်းခဲ့သည်။ တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသော်လည်း ကုန်သွယ်ရေးဝန်ကြီးဌာနအထက်တွင်ရှိပြီး ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို ကုန်သွယ်ရေးဝန်ကြီးဌာနက လိုက်နာဆောင်ရွက်ရသည်။

အကြောင်းပြချက် -
ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ကုန်ပစ္စည်းတစ်ခုချင်းစီအလိုက် တင်သွင်း/တင်ပို့ရန် ခွင့်ပြု၊မပြု ဆုံးဖြတ်ရန်နှင့်၊ တင်သွင်း/တင်ပို့ ခွင့်ပြုသည့် ပမာဏကို ဆုံးဖြတ်ရန်။
ဥက္ကဌ -
ဗိုလ်ချုပ်ကြီးမောင်အေး ဦးစီး

ဖွဲ့စည်းပုံ -
လက်ရှိ ကုန်သွယ်မှုမူဝါဒကောင်စီ အဖွဲ့ဝင်အားလုံးအတိအကျမသိရသော်လည်း လက်ရှိတွင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့် ကုန်သွယ်ရေးဝန်ကြီး၊ ကုန်သွယ်မှုနှင့် စပ်လျှင်းသော ဝန်ကြီးဌာနများမှ ဝန်ကြီးများ (ပို့ဆောင်ရေး၊ နယ်စပ်စည်ပင် စသည့်) ပါဝင်ကြောင်းသိရသည်။

အစည်းအဝေး -
သုံးလသို့ လေးလဝန်းကျင်တွင်တကြိမ် ကောင်စီ၏ ပုံမှန်အစည်းအဝေးပြုလုပ်လေ့ရှိသည်။  (ယခင်က စစ်ရုံးချုပ်တွင် ပြုလုပ်၊ ယခုနေပြည်တော်)

ပို့ကုန်သွင်းကုန်ကဏ္ဍအား ထိန်းချုပ်ပုံ-
ပို့ကုန်နှင့်ပတ်သတ်၍ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အခြားအဖွဲ့အစည်းများ (UMFCCI နှင့် ဆန်စပါးအသင်း၊ ရေလုပ်ငန်းရှင်များ အသင်း စသည့်) မှ လက်ရှိ ပြည်တွင်းထွက်ကုန်အခြေအနေများနှင့် လုပ်ငန်းလျာထားချက်များကို အစည်းအဝေးများသို့ ပုံမှန်တင်ပြရသည်။ တင်ပြချက်များအပေါ် ကောင်စီက ပြည်တွင်းစားသုံးမှု၊ အရန်ထားရှိမှု စသော မူဝါဒများဖြင့် သုံးသပ်ပြီး ပို့ကုန်ပစ္စည်းနှင့် ပမာဏများချမှတ်ပေးသည်။ အဓိကအားဖြင့် စိုက်ပျိုးရေးပို့ကုန်များကို ထိန်းချုပ်ထားကြောင်း သိရသည်။ (ဆန်စပါး ၊ ပဲနှင့် နှမ်း စသည်တို့ကို အဓိကထိန်းချုပ်ထားသည်။)

သွင်းကုန်နှင့်ပတ်သတ်၍မူ သွင်းကုန်ပစ္စည်းအားလုံးကို ထိန်းချုပ်ထားသည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်မှာ ကောင်စီမှတင်သွင်းခွင့်ပေးသည့် ကုန်ပစ္စည်းကို သတ်မှတ်ပေးထားသော ပမာဏအတိုင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ သွင်းကုန်လိုင်စင်ထုတ်ပေးဖြစ်သည်။ သို့သော်လည်း အချို့သွင်းကုန်များကို ကောင်စီက တိုက်ရိုက်လိုင်စင်ချပေးခြင်းများ ပြုလုပ်သည်။ (အဓိကအားဖြင့် ကားတင်သွင်းခွင့်  လိုင်စင်အား ကုန်သွယ်မှုမူဝါဒကောင်စီမှသာ တိုက်ရိုက်ချပေးခြင်းဖြစ်ကြောင်း သိရသည်။)

နောက်ခံသမိုင်း-
၁၉၉၆-၁၉၉၇ တွင် ယင်းအချိန်က ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်က ဆန်စပါးတန်ချိန်တသန်း တင်ပို့မည်ဟု ကြေငြာပြီး တင်ပို့ခဲ့သည်။ ယင်းအချိန်က ဆန်ကို ကုန်သွယ်ရေးမှ ဝယ်ယူပြီး နိုင်ငံခြားသို့ တိုက်ရိုက်ရောင်းချခြင်းဖြစ်သည်။ ရာနှုန်းပြည့်နီးပါး တင်ပို့နိုင်ခဲ့ပြီးနောက် ပြည်တွင်းစားသုံးမှုမလုံလောက်၍ ပြည်တွင်းဆန်ဈေးမြင့်တက်ခဲ့သည်။ (ယင်းနောက်ကွယ်တွင် ဗိုလ်ချုပ်ထွန်းကြည်၏ သမီးဖြစ်သူက နိုင်ငံခြားကုမ္ပဏီများအား ဆန်တတန် ငါးဒေါ်လာနှုန်းဖြင့် ပါမစ်ရောင်းစားခဲ့ကြောင်း ကုန်သွယ်ရေးအရာရှိဟောင်းများက ဆိုသည်။။)

ဆန်ဝယ်ယူသည့် ကုမ္ပဏီများအား ပြည်တွင်းလိုအပ်သည့် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာတင်သွင်းပေးရန် အပြန်အလှန်စာချုပ် ချုပ်ဆိုခဲ့သည်။ ကုမ္ပဏီများက ပြန်လည်တင်သွင်းလာခဲ့သော ဓါတ်မြေသြဇာများကို လယ်ဆည် ဝန်ကြီးဌာနသို့ တင်သွင်းရာတွင် ဒေါ်လာဈေးကမောက်ကမစတင် ဖြစ်ပွားခဲ့သည်။ ယင်းအချိန်က လယ်ဆည်ဝန်ကြီး ဗိုလ်ချုပ်မြင့်အောင်က ကုမ္ပဏီများအား ပြင်ပဒေါ်လာပေါက်ဈေးအတိုင်း မြန်မာကျပ်ငွေဖြင့် တွက်ချက်ပေးခဲ့သည်။

နိုင်ငံခြားကုမ္ပဏီများက ဒေါ်လာသန်းရာဂဏန်းကျော် တန်ဖိုးကို ပြည်တွင်းဈေးကွက်အတွင်း သူ့ထက်ငါ အလုအယက်ဝယ်ကြရာမှ ၁၉၉၇ ဧပြီလဆန်းပိုင်းက တဒေါ်လာ ကျပ် ၂ဝဝ ရှိခဲ့သော ငွေလဲနှုန်းသည် ဇွန်လသို့ရောက်ရှိချိန်တွင် တဒေါ်လာ ကျပ် ၄၃ဝ ခန့်အထိ ရောက်ရှိသွားခဲ့သည်။ ပြည်တွင်းဆန်ဈေးမြင့်မားမှုနှင့်အတူ နှစ်လအတွင်း ဒေါ်လာဈေး ခေါက်ချိုးမြင့်တက်မှု ဖြစ်ပွားလာခဲ့ သဖြင့် စီးပွားရေးမတည်မငြိမ်ဖြစ်လာချိန်တွင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်အေးသောင်၊ ဗိုလ်ချုပ်အောင်ရဲကျော်၊ ဗိုလ်ချုပ်မျိုးညွှန့် စသော စီနီယာစစ်ဗိုလ်ချုပ်များအား ရာထူးမှဖယ်ရှားမှုလည်း တွဲပါလာခဲ့သည်။

နဝတမှ နအဖသို့ အမည်ပြောင်းလဲလိုက်ခြင်းနှင့်အတူ စစ်အစိုးရသည် ၁၉၈၈ ခုနှစ် အာဏာသိမ်းအဖွဲ့တွင်ပါဝင်ခဲ့သည့် စီနီယာ စစ်ဗိုလ်ချုပ် (၁၄)ဦးအား လာဘ်စားမှု၊ အကျင့်ပျက်ဖောက်ပြားမှု၊ အဂတိလိုက်စားမှုစသော စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။ ဝေဖန်သူများကတော့ အာဏာအားပြိုင်မှုသည်သာလျှင် အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ၁၉၉၇ ခု နှစ်ကုန်ပိုင်းတွင် ကုန်သွယ်ရေးကဏ္ဍတွင် ထိန်းချုပ်မှုများအတွက်ဟု ရည်ရွယ်ကာ ကုန်သွယ်မှုမူဝါဒကောင်စီ စတင်ပေါ်ပေါက်လာခဲ့သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1432 guests and 1 member online