စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အထူးကဏ္ဍ > ပါတီအကြောင်း သိကောင်းစရာ > မြန်မာဒီမိုကရေစီ ကွန်ဂရက် ပါတီ

မြန်မာဒီမိုကရေစီ ကွန်ဂရက် ပါတီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ နောင်လာမည့် လွှတ်တော်ထဲတွင် စစ်တပ်မှ အလိုအလျောက် ၂၅ ရာခိုင်နှုန်းမှာ ပြဿနာ မဟုတ်သော်လည်း လွှတ်တော်အတွင်းမှ မည်သည့်အချိန် ပြန်ထွက်သွားမည်ကို မပြောထားသည်က ပြဿနာပါဟု ပြောလာသည်က မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ (Myanmar Democracy Congress – MDC) ပါတီအထွေထွေ အတွင်းရေးမှူး ဦးကောင်းထက်ခေါ် စာရေးဆရာ ဝေမှူးသွင် ဖြစ်သည်။

လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော MDCကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုလ ၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၃၄ ဖြင့် ခွင့်ပြုခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အတွက် ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အမတ်လောင်း လျာထားမှုအတွက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ပါတီရုံးချုပ်ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်တာဝါတွင် ဖွင့်လှစ်ထားပြီး ပါတီရုံးခွဲများကို ဖွင့်လှစ်ရန် စီစဉ်ဆဲ ဖြစ်သည်။

၎င်းတို့ ပါတီအတွက် အဓိက အခက်အခဲမှာ ရန်ပုံငွေ ကောက်ခံသည့်အခါ ဥပဒေကြောင့် အခက်အခဲဟု ဦးဝေမှူးသွင်က ပြောသည်။

” ဥပဒေကို လက်တွေ့ ကျင့်သုံးနိုင်စွမ်း ကိစ္စတွေမှာ အလုပ်ဖြစ်တဲ့ functioning status အားနည်းနေတယ်” ဟု ဆိုသည်။

မြန်မာပြည်သူများအနေဖြင့် လူထုရွေးချယ် တင်မြှောက်ထားသော အစိုးရမျိုးကို လိုချင်နေကြသော်လည်း အကြောက်တရား စိုးမိုးထားသောကြောင့် အခက်တွေ့နေသည်ဟု သူက ပြောသည်။

၂ဝဝ၈ အခြေခံ ဥပဒေတွင် မကြိုက်နှစ်သက်သည့် အချက်များစွာ ရှိသော်လည်း ယင်းတို့ကို လွှတ်တော်ထဲတွင် လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားရန် မျှော်လင့်နေသည်။

“ဥပမာ - နိုင်ငံသားတယောက်ဟာ ဝန်ကြီးဌာန တခုထဲမှာပဲ တာဝန်ထမ်းဆောင်ခွင့် ရှိရမယ်ဆိုတာမျိုးကို ကျနော်တို့က လွှတ်တော်ထဲမှာ အတည်ပြုနိုင်အောင် ကြိုးစားရမယ်” ဟု သူက ပြောဆိုသည်။

ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရ ဖွဲ့စည်းနိုင်လျှင် ပြည်သူများ ယုံကြည်ကိုးစားသော အစိုးရမျိုး ဖြစ်လာစေရန် တည်ဆောက်မည်ဖြစ်ကြောင်း MDC က မျှော်လင့်သည်။

ပါတီတွင် ဦးကောင်းမြင့်ထွဋ် (ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ် ၁၅ နှစ်သား အရွယ်တွင် ထောင်ကျခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း) ၊ ဦးဝေမှူးသွင် (အထွေထွေ အတွင်းရေးမှူး - စာရေးဆရာ)၊ ဦးကျော်ကျော်မင်း ၊ ဦးထောင်အဲရ် (ဒုဥက္ကဋ္ဌ၊ ချင်းတိုင်းရင်းသား နိုင်ငံရေးသမား၊ စီးပွားရေး လုပ်ငန်းရှင်)၊ ဦးကောင်းမြတ်သူ (ပေါလစ်ဗျူရို၊ ယခု အင်္ဂလန်နိုင်ငံတွင် နေထိုင်ပြီး MDC ပါတီ၏ မူဝါဒရေးရာ ကြေညာချက်များကို ရေးသားသူ) စသူတို့ဖြင့် ဦးဆောင်ဖွဲ့စည်းထားသည်။

ဦးဝေမှူးသွင်၏ ကိုယ်ရေးအကျဉ်း

အမည်အရင်း ဦးကောင်းထက် ခေါ် စာရေးဆရာ ဝေမှူးသွင်ကို ပွဲရုံနှင့် ဆီစက်လုပ်ငန်းရှင် မိဘများဖြစ်သော ဦးမောင်မောင်နီနှင့် ဒေါ်ကေသီအောင်တို့က ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပဲခူးတိုင်း ပြည်မြို့၌ မွေးဖွားခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှာ ဒဿနိကဗေဒဘွဲ့ကို ဒဂုံတက္ကသိုလ်က ရရှိခဲ့သည်။ လက်ရှိတွင် စာရေးဆရာ၊ ကဗျာဆရာအဖြစ် သက်မွေးဝမ်းကျောင်းပြုသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1595 guests online