ကမန်အမျိုးသား တိုးတက်ရေးပါတီ
• ဥက္ကဋ္ဌ - ဦးဇော်ဝင်း
• ဒုဥက္ကဋ္ဌ(၁) - ဦးလှတိုး
• ဒုဥက္ကဋ္ဌ(၂) - ဦးထွန်းငွေ
• အတွင်းရေးမှူး - ဦးတင်လှိုင်ဝင်း
• ကိုယ်စားလှယ်လောင်းစာရင်း
• ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အဆင့်ဆင့်
1. အမျိုးသားလွှတ်တော်
2. ပြည့်သူ့လွှတ်တော်
3. ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးလွှတ်တော်
• ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ
• ပါတီတည်ထောင်ခွင့်လျှောက်ထားရက် - ၂၅-၅-၂ဝ၁ဝ
• ပါတီတည်ထောင်ခွင့်ရရက် -
• ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားရက် -
• ပါတီမှတ်ပုံတင်ခွင့်ရရက် - ၅-၇-၂ဝ၁ဝ
• ပါတီမှတ်ပုံတင်အမှတ် - (၃၆)
• ပါတီ၏မူဝါဒလုပ်ငန်းစဉ်
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံသားများအားလုံးနှင့် ပူးပေါင်းပြီး နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ.ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် တည်ထောင်ပြီး တိုင်းရင်းသားအားလုံး ရသင့်ရထိုက်သော မွေးရာပါ လူ.အခွင့်ရေးများနှင့် စစ်မှန်သည့် ဒီမိုကရေစီ အပြည့်အဝ ရရှိရေးကို ကြိုးပမ်း ဆောင်ရွက်သွားမည်။ ဖွဲ.စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ နိုင်ငံသား အခွင့်အရေးများကိုလည်း နိုင်ငံသားတိုင်းသာ တူညီမျှ ခံစားခွင့် ရရှိရေး ကြိုးပမ်း ဆောင်ရွက်သွားမည်။ ရည်ရွယ်ချက် ခံယူချက်နှင့် အတွေးအခေါ် တူညီသော မည်သည့် နိုင်ငံရေးပါတီအဖွဲ.အစည်းများနှင့်မဆို တန်းတူညီတူ ရင်းနှီးစွာ ဆက်ဆံပြီး အခါအားလျော်စွာ ပေါင်းစည်းခြင်း၊ မဟာမိတ်ဖွဲ.စည်းခြင်း၊ ကူညီခြင်းများ ပြုလုပ်သွားမည်။ တိုင်းရင်းသားများအားလုံး နေရာဒေသ မခွဲခြားပဲ တန်းတူညီတူ ရသင့်ရထိုက်သည့် အခွင့်ရေးများကို ပြည့်ဝစွာ ရရှိခံစားနိုင်ရန်လည်း ကြိုးပမ်း ဆောင်ရွက်သွားမည်။ ဖွဲ.စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများနှင့်အညီ နိုင်ငံသားအားလုံး နိုင်ငံတော်အတွင်းရှိ မည်သည့် အရပ်ဒေသတွင်မဆို နေထိုင်၊ ရောင်းဝယ်ဖောက်ကား အသက်မွေးဝမ်းကြောင်း ပြုလုပ်မှုများ လွတ်လပ်စွာ ပြုလုပ်ခွင့် ရနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လောကပါလ တရားများကို အခြေခံကာ အခြေခံ လူ.အခွင့်အရေးများကို လေးစားလိုက်နာသော ပြည်ထောင်စုဖွား ပြည်သူပြည်သားများ၊ ပါတီများနှင့် လက်တွဲ၍ အနာဂတ်တွင် ခေတ်မီဖွံ.ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပေါ်လာစေရန် ကြိုးပမ်းသွားမည်။ အကြမ်းဖက်ဝါဒနှင့် အခြား အစွန်းရောက်သည့် မည်သည့်ဝါဒမျိုးကိုမဆို ဆန်.ကျင်သွားမည်။ ကမ္ဘာ့နိုင်ငံများ အပါအဝင် အိမ်နီးခြင်းနိုင်ငံများနှင့်လည်း ဖြောင့်မတ်သော ဘက်မလိုက် မူဝါဒများကို အခြေခံသည့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးတွင် ပါဝင်ကူညီဆောင်ရွက်သွားမည်။ နိုင်ငံတစ်ဝန်းလုံး ဘက်စုံဖွံ.ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ရေး၊ မြန်မာ့ လူ.အဖွဲ.စည်းတွင် အကျိုးမပြုသည့် အတွေးအခေါ် အယူအဆများ ပပျောက် ချုပ်ငြိမ်းသွားအောင် ပညာပေး စည်းရုံးရေးများကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမည်။
•ပါတီတွင်ပါဝင်သူများ- ဦးဇော်ဝင်း(ဥက္ကဋ္ဌ)၊ ဦးလှတိုး(ဒု-ဥက္ကဋ္ဌ-၁)၊ ဦးထွန်းငွေ(ဒု-ဥက္ကဋ္ဌ-၂)၊ ဦးတင်လှိုင်ဝင်း (အတွင်းရေးမှူး) အပါအဝင်CEC ၁၆ဦး
• ဝင်ပြိုင်မည့်အနေအထား - ရခိုင်ပြည်နယ်ကိုအဓိကယှဉ်ပြိုင်မည်။
• ဝင်ပြိုင်မည့်လွှတ်တော် - ပြည်နယ်လွှတ်တော်တစ်ရပ်သာဝင်ပြိုင်မည်
• RegionalNational - Regional
• ပါတီအသစ်
• ဆက်သွယ်ရန် လိပ်စာ အမှတ်(၄၆ဝ)၊ လေးလွှာ၊ မြလေးရုံလမ်း၊ မေတတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို.နယ်။
ဖုန်း - ဝ၉၈ဝ၂၂၅၃၈
ကမန်အမျိုးသားတိုးတက်ရေးပါတီ
| စဉ် | အမည် | မဲဆန္ဒနယ် | လွတ်တော် | မှတ်ချက် |
| ၁ | ဦးဇော်ဝင်း | စစ်တွေမြို့နယ် | ပြည်သူ့လွတ်တော် | ရခိုင်ပြည်နယ် |
| ၂ | ဦးတင်လှိုင်ဝင်း | သံတွဲမြို့နယ် | ပြည်သူ့လွတ်တော် | ရခိုင်ပြည်နယ် |
| ၃ | ဦးလှတိုး | စစ်တွေမြို့နယ် | အမျိုးသားလွတ်တော် | ရခိုင်ပြည်နယ် |
| ၄ | ဦးကျော်ငြိမ်း | စစ်တွေမြို့နယ်-၁ | ပြည်နယ်လွတ်တော် | ရခိုင်ပြည်နယ် |
| ၅ | ဦးအောင်လှထွန်း | စစ်တွေမြို့နယ်-၂ | ပြည်နယ်လွတ်တော် | ရခိုင်ပြည်နယ် |
| ၆ | ဦးထွန်းမြင့် | ရမ်းဗြဲမြို့နယ်-၂ | ပြည်နယ်လွတ်တော် | ရခိုင်ပြည်နယ် |
ပြည်သူ့လွတ်တော် - (၂)ဦး
အမျိုးသားလွတ်တော် - (၁)ဦး
ပြည်နယ်လွတ်တော် - (၃)ဦး
စုစုပေါင်း - (၆)ဦး












