တူးပို့အမည်မသုံးရန် မြို့မငြိမ်းသား ကန့်ကွက်

ဆရာမြို့မ ငြိမ်း၏ မြန်မာ့ရိုးရာ သြင်္ကန်သီချင်းကို နိုင်ငံတကာ ကုမ္ပဏီတစ်ခုမှ တူးပို့အမည်ဖြင့် ဘီယာထုတ်လုပ်ရောင်းချနေမှုအား တစ်ပတ်အတွင်း အဆိုပါတံဆိပ်နှင့် ကြောငြာထားမှုများကို ရုတ်သိမ်းပေးရန် မြို့မငြိမ်း၏ သားဖြစ်သူ ဦးရွှန်းမြိုင် က ပြောကြားသည်။
တူးပို့ နာမည်ဖျက်သိမ်းပေးရန်အတွက် နိုင်ငံပိုင်သတင်းစာများမှထည့်သွင်းကြေငြာသွားမည်ဟုလည်း ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီ က ၈၆ လမ်း၊၂၁လမ်းနှင့်၂၂လမ်းကြားရှိ မြို့မ အသင်းတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)