စာရေးဆရာမ နှင်းဆီအောင်၏ လမ်းကလေးရဲ့လက်ဆောင် စာအုပ်မိတ်ဆက်ပွဲ

စာရေးဆရာမ နှင်းဆီအောင်၏ လမ်းကလေးရဲ့လက်ဆောင် စာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၀ ရက်၊နံနက် ၁၀ နာရီက မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရပ်ကွက်ရှိ မိသားစုကဖေးတွင် ပြုလုပ်သည်။ အဆိုပါ စာအုပ် မိတ်ဆက်ပွဲတွင် ဆရာတော် တက္ကသိုလ်တေဇာလင်း၊ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ဆရာသင့်နော်၊ ဆရာမောင်မှိုင်းဝေ(အင်းဝ)၊ ဆရာညီပုလေး၊ ဆရာဆူးငှက်နှင့်ဆရာမ နှင်းဆီအောင်တို့က မုဒိတာစကားများနှင့် စာအုပ်ထုတ်ဝေရခြင်းများကို ပြောကြားခဲ့သည်။ စာအုပ်မိတ်ဆက်ပွဲသို့ မန္တလေးမြို့ရှိ စာရေးဆရာ၊ကဗျာဆရာများနှင့် မီဒီယာသမားများ တက်ရောက်ခဲ့သည်။
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)