သမ္မတ ဦးသိန်းစိန်၏ လက်ဆောင်ပစ္စည်းများပြခန်း

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း (ကုမုဒြာကြာပန်းအဝိုင်းအနီး)ရှိ မြေဧကအကျယ် ၃၅ဧကကျော်အတွင်း တည်ဆောက်ထားသော အမျိုးသားပြတိုက်(နေပြည်တော်)တွင် သမ္မတဦးသိန်းစိန် ရရှိထားသော လက်ဆောင်ပစ္စည်းများအား ပြခန်းအတွင်း ပြသထားသည်ကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၂ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)၊
အဆိုပါ ပြခန်းအတွင်း သမ္မတဦးစိန်ထံ တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ ဘရူနှိုင်း၊ တူရကီ၊ ကူဝိတ်စသည့်နိုင်ငံများမှ   ခေါင်းဆောင်များက   ပေးအပ်ခဲ့သည့်ချစ်ကြည်ရေး လက်ဆောင်များကို   ပြသထားသည်။ 
အဆိုပါ လက်ဆောင်ပစ္စည်းများအပြင် ထူးခြားချက်အနေဖြင့် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က နေပြည်တော်တွင်တိုင်းရင်းသားလက်နက်ကိုင်   တော်လှန်ရေးအဖွဲ့အစည်း(၈)ဖွဲ့နှင့် NCAစာချုပ်ကို လက်မှတ်ရေးထိုးစဉ်က သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အသုံးပြုခဲ့သည့်   ဘောလ်ပင်များကို ပြသထားသလို ၁၉.၈.၁၉၈၈ကစပြီး တစ်လကြာ သမ္မတတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာမောင်မောင် အသုံးပြုခဲ့သည့် လက်နှိပ်စက်ကိုလည်း အဆိုပါ ပြခန်းအတွင်း ပြသထားသည်ကို တွေ့ရသည်။