"Classmate Watercolour" ဟု အမည်ပေးထားသော ပန်းချီပြပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၁။ မန္တလေးအနုပညာကျောင်းဆင်း ပန်းချီဆရာများဖြစ်သည့် ဇာနည်၊ အောင်နှင့် ကျော်သူဝင်းတို့ သုံးဦး၏ "Classmate Watercolour" ဟု အမည်ပေးထားပြီး ရေဆေးနှင့် မှင်ခြစ်လက်ရာပန်းချီကားများ ပြသထားသော ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ယောမင်းကြီးလမ်းရှိ Gallery 65 တွင်ပြုလုပ်လျက်ရှိပြီး ယနေ့မှစ၍ ဇန်နဝါရီလ ၃ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။ (ဓါတ်ပုံ - ဖြိုးသီဟ မဇ္ဈိမ)