ထိုင်းသံရုံးရှေ့ဆန္ဒပြသူများကို လူစုခွဲခိုင်းပြီ

ထိုင်းတရားရုံး၏ လိပ်ကျွန်းလူသတ်မှုအပေါ် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအား သေဒဏ်ချမှတ်သည့်အတွက် ရန်ကုန်မြို့ ထိုင်းသံရုံးအနီး မနော်ဟရီလမ်းထိပ်တွင် ဆန္ဒပြသူများကို ဒီဇင်ဘာ ၂၅ရက် ညနေ သုံးနာရီ၌ လုံခြုံရေးရဲများက လူစုခွဲခိုင်းနေပြီဖြစ်သည်။
လုံခြုံရေးအင်အားလည်း ပိုမိုတိုးမြှင့်ချထားသည်ကို တွေ့ရသည်။
ယခု ညနေ ၃နာရီ ၂၀ မိနစ်အထိ အလုံလမ်း နှင့် ပြည်ထောင်စု ရိပ်သာလမ်းကြားရှိ ပြည်လမ်းပိုင်းကို ခေတ္တပိတ်ထားရသည်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)