ဝန်းထမ်းများကို ခွဲခြားဆက်ဆံမည်မဟုတ်ဟု ဒေါ်စုပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း အပါအဝင် နေပြည်တော်စည်ပင်ဝန်ထမ်းများ၊ လွှတ်တော်မှတာဝန်ရှိသူများ ဒီဇင်ဘာ ၁၇ရက်၊ ညနေပိုင်းက နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာတွင် တွေ့ဆုံနေစဉ်။ အဆိုပါ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပါတီကပင် ဖြစ်စေ၊ ကျောသား၊ ရင်သား ခွဲခြားဆက်ဆက်မည်မဟုတ်ဟု ဝန်ထမ်းများအား ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီသည် နိုဝင်ဘာ ၈ရက်၊ ရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရရှိထားသည့်အတွက် လာမည့်အစိုးရသက်တမ်းတွင် အစိုးရတစ်ရပ် ဖွဲ့စည်းခွင့် ရရှိတော့မည်ဖြစ်သည်။ (ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမသတင်းဌာန)