ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းခွင်ပုံရိပ်များ

တနင်္သာရီတိုင်း ထားဝယ်မြို့မှ တစ်နာရီခန့်ကားဖြင့် ခရီးနှင်ရသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းစီမံကိန်း ပထမအဆင့်ကို သုံးနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ပြီး ပြီးစီးပါက ဒေသခံ ၆၅,၀၀၀ အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဖြစ်ကာ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ သာမက အိမ်နီးချင်း တရုတ်၊ ကမ္ဘာဒီးယား၊ ဗီယက်နမ် နိုင်ငံများအထိ ကုန်းလမ်း၊ ရေလမ်းများမှ တစ်ဆင့် ကုန်သွယ်စီးဆင်းနိုင်မည်ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန် ပထမအဆင့်တွင် တန်ချိန် ၁၃,၀၀၀ဆန့် သင်္ဘော ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းငယ် - Small port (တည်ဆောက်ပြီးစီး၊ ထားဝယ်ရေနက်ဆိပ်ကမ်းအစ (ဆိပ်ကမ်းကြီးတည်ဆောက်မည့်နေရာ) 0 km မှ ထိုင်းနိုင်ငံ ကန်ချနပူရီအထိပေါက်သည့် ထီးခီးလမ်း (မြေသားလမ်းပြီးစီး)၊ စက်မှုဇုန်များ၊ Gas Power Plant၊ Small Power Plant၊ စီမံကိန်းနှင့် ကျေးရွာများကို ရေချိုပေးမည့် ပယင်းဖြူဆည် (၁၀၀% ပြီးစီး)၊ ဖုန်း၊ အင်တာနက် စသည့် ဆက်သွယ်ရေးကိစ္စများ (၁၀၀ %ပြီးစီး) ၊ ဓာတ်အားပေးစက်ရုံ၊ အလုပ်သမားတန်းလျား (တည်ဆောက်ဆဲ) ပြောင်းရွှေ့ရမည့်ကျေးရွာများအတွက် မြို့သစ်စီမံကိန်း (အိမ်များအားလုံး တည်ဆောက်ပြီးစီး) သည့် အခြေအနေများကို ၂၀၁၅ခုနှစ် စက်တင်ဘာလ နှင့် နိုဝင်ဘာ ၂၈၊ ၂၉ ရက်တို့တွင် အထူးစီးပွားရေးဇုန်အထိ သွားရောက်ကာ မဇ္ဈိမ အယ်ဒီတာ သိင်္ဂီထွန်းက မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို စုစည်း ဖော်ပြလိုက်သည်။