မြောက်ဦး ရှေးဟောင်းသမိုင်းဝင် နေရာများ နှင့် မြို့မစျေးအနီး လူငယ်များ အမှိုက်ကောက်

မဇ္ဈိမ/DMG
မြောက်ဦး၊ ဒီဇင်ဘာ ၂ ။          ။ ရှေးဟောင်းမြောက်ဦးမြို့တော် သန့်ရှင်းရေးအတွက် သမိုင်းဝင် ဘုရားများဖြစ်သော သျှစ်သောင်းဘုရား၊ ထုက္ကံသိမ်ဘုရား၊ နန်းရာကုန်းရင်ပြင်နှင့် မြို့မဈေးအနီးရှိ ပလက်စတစ်အမှိုက်များအား မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) မှ လူငယ်များက ဒီဇင်ဘာ ၂ရက်က လိုက်လံကောက်ယူကာ မီးရှုံ့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
"မြောက်ဦးမြို့ဟာ သမိုင်းဝင် အဆောက်အအုံတွေနဲ့ ပြည်တွင်းပြည်ပ ကမ္ဘာလှည့်ခရီးသည်တွေ လာကြတဲ့ မြို့ဖြစ်ပါတယ်။ မြို့မဈေးဆိုရင်လည်း လူတွေထူထပ် ပြီးတော့ အရမ်းညစ်ပတ်နေတယ်။ ဒါကြောင့် မြောက်ဦးမြို့ သန့်ရှင်းဖို့အတွက် ကျနော် အမှိုက်ကောက်ကြတာဖြစ်ပါတယ်။ နောက်ထပ်လည်း ကျနော် ဘုရားတွေ လွှမ်းမိုးထားတဲ့ ခြုံတွေ၊ တောတွေကို ရှင်းလင်းအုံးမှာဖြစ်ပါတယ်။ " ဟု MUYA မှ ပြန်ကြားရေးအဖွဲ့ဝင် ကိုချမ်းအေးနိုင်က ပြောသည်။ (ဓာတ်ပုံ - DMG)