မန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကြမ်းရေးဆွဲကော်မတီ အစည်းအဝေးပွဲ

မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကြမ်းရေးဆွဲကော်မတီ အစည်းအဝေးပွဲတွင် ခေတ္တရပ်နားသည့်အချိန်တွင် ငြိမ်းချမ်းရေးရှိုက်သံ ပရဟိတအဖွဲ့က အဖွဲ့ဝင်၁၈ယောက်ဖြင့် သီဆိုဖျော်ဖြေပြီး အလှူငွေကောက်ခံခဲ့ရာ ၁၉၄၅၀၀ ကျပ်ရရှိခဲ့သည်ဟု အဖွဲ့ခေါင်းဆောင် ကိုလင်းနီသွေးက ပြောသည်။
အဆိုပါအစည်းအဝေးကို အစိုးရအစုအဖွဲ့တစ်ခု၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အစုအဖွဲ့တစ်ခု၊ပါတီများမှ အစုအဖွဲ့တစ်စုဖြင့် အစုအဖွဲ့တစ်စုလျှင် ၈ဦးစီပါဝင်ကာ ဆွေးနွေးနေပြီး ညနေ ၄နာရီတွင် အစည်းအဝေးပြန်လည်စတင် မည် ဖြစ်ကြောင်းသိရသည်။ (သတင်း၊ဓာတ်ပုံ-စိုးသူအောင် မဇ္ဈိမ)