ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ သံတမန်များတွေဆုံ

မဇ္ဈိမ ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးများမှ သံတမန် ၅၅ဦးတို့ နိုဝင်ဘာ ၁၉ရက် နေ့လည် ၃နာရီခန့်က နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရုံးခန်း (I -12)တွင် တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတကာသံရုံး ၄၁ ရုံးမှ ကိုယ်စားလှယ်များ ၅၄ ဦးတို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ - NLD)