မဲပေးရန် စောင့်ဆိုင်းနေသည့် အကယ်ဒမီ အိန္ဒြာကျော်ဇင်

ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ဘုန်းကြီးကျောင်းတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် အကယ်ဒမီ အိန္ဒြာကျော်ဇင် ။
" အမ မနက် ၆နာရီ ကတည်းက မဲပေးဖို့ တန်းစီ နေတာပါ။ ကိုပြေတီဦး ကတော့ သင်္ကန်းကျွန်းမှာ မဲပေးမှာပါ" ဟု မဇ္ဈိမကို ပြောသည်။
မဲပေးဖို့ တန်းစီနေပါပြီ ဟု အကယ်ဒမီ အိန္ဒြာကျော်ဇင်မှ ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ဓာတ်ပုံ နှင့် တကွ ဖော်ပြထားသည်။ (ဓာတ်ပုံ- Pyay Ti Oo & Eaindra Kyaw Zin Family)