အမေရိကန် Rap အဆိုတော် Redfoo ရန်ကုန်မြို့ Novotel ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

အမေရိကန် Rap အဆိုတော် Redfoo သည် အောက်တိုဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ Novotel ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ထို သတင်းစာရှင်းလင်းပွဲတွင် အဆိုတော် Redfoo မှ မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ဧရာဝတီ ဖောင်ဒေးရှင်းသို့ ငွေကျပ် သိန်း၅၀ လှူဒါန်းခဲ့သည်။
Redfoo သည် အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်မည့် International Music Festival Yangon 2015 ဂီတပွဲတော်တွင် ပါဝင် ဖျော်ဖြေရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ (ဓာတ်ပုံ - ပန်းမြတ်ဇော်၊ မဇ္ဈိမ)