ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ အပါအဝင် လေးဦး ထောင်ဒဏ် စုစုပေါင်း တစ်နှစ် ချမှတ်ခံရ

မရပူရမြို့နယ် တရားရုံးတွင် တရားစွဲဆို ခံထားရသော ရတနာပုံ တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ရဲဝေ၊ ဒုဥက္ကဋ္ဌ ကိုအောင် ဆန်းဦး၊ ကိုဂျစ်တူးနှင့် ကိုဉာဏ်လင်းထက်တို့ လေးဦးစလုံးကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၉ ရက်၊ နံနက်ပိုင်းက အမရပူရ တရားရုံးမှ အမိန့်ချအပြီး တရားရုံးမှ အထွက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို - မဇ္ဈိမ)
ယင်းတို့ လေးဦးကို ပုဒ်မ ၁၈ အတွက် ထောင်ဒဏ် ၃ လ၊ ပုဒ်မ ၁၄၃ အတွက် ထောင်ဒဏ် ၃ လ နှင့် ပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် ၆ လ တို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချခဲ့သည်။