မြောင်းမြ NLD နှင့်အတူ ပြည်သူများ စည်းရုံးရေးတွင် ပူးပေါင်း

မြောင်းမြမြို့ ကြိုးတံတားထိပ်မှစတင်ပြီး မြို့တွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်များ မြို့သူမြို သားများက အင်းအားသောင်းချီ၍ ကားများ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများဖြင့် လှည့်လညစည်းရုံးစဉ်။ (ဓာတ်ပုံ-စည်သူမောင်မောင်၊မဇ္ဈိမ) "NLDနိုင်ရမယ်.. ကိုယ်ထမင်းကိုယ်စားအမေစုသား"  "အမှန်တကယ်ပြောင်းလဲဖို့ NLDကိုမဲပေးစို့" စသည့် ကြွေးကြာ်သံများဖြင့် လှည့်လည်ခဲ့ကြသည်။ အောက်တိုဘာ ၅ရက်ကလည်း မြောင်းမြမြို့တွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်မည့် အမတ်များက "ရင်မှာစွဲလန်း ဦးတင့်ဆန်း" "ပြည်သူ့ချစ်ပို ဦးဝင်းကို" "ပြည်သူချစ်ကြည် ဦးခင်ရီ" စသည့် ဆောင်ပုဒ်များဖြင့် မဲဆွယ်ခဲ့သေးသည်။