ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ် နောက်ဆုံးနေ့ဟောပြောပွဲမြင်ကွင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ လောကမာရဇိန်ဘုရားဝင်းအတွင်း ဒေသခံများအား ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်ဟောပြောနေသည်ကို အောက်တိုဘာ ၆ရက်က တွေ့ရစဉ်(ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ)၊ အောက်တိုဘာ ၂ရက်နေ့ကတည်းက ကချင်ပြည်နယ်စည်းရုံးရေး ခရီးစဉ်စတင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၆ရက်တွင် ခရီးစဉ်အဆုံးသတ်ကာ ယနေ့ညနေ ၃နာရီတွင် ဗန်းမော်လေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်မည်ဖြစ်သည်။ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ နန့်မွန်း၊ ဗန်းမော်၊ မိုးမောက်စသည့်မြို့များသို့သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်ဟောပြောခဲ့သည်။