ထိုင်းဘုရင့်သမီးတော် သီရိဒုံ ရွှေတိဂုံဘုရားကို ဖူးမျှော်ကြည်ညို

ထိုင်းဘုရင့်သမီးတော် သီရိဒုံ မင်းသမီး အောက်တိုဘာ ၃ရက်ညက ရန်ကုန်မြို့ ရွှေတိဂုံဘုရားကို ဖူးမျှော်ကြည်ညိုစဉ်။ (ဓာတ်ပုံ-အီးပီအေ) သီရိဒုံ မင်းသမီးသည် အောက်တိုဘာ ၄ရက်တွင် နေပြည်တော်ကို ရောက်ရှိပြီး အမျိုးသားပြတိုက်ကို သွားရောက်လေ့လာမည်ဖြစ်ကာ အောက်တိုဘာ ၅ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကာ ၎င်း၏ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။ ၎င်းက ရန်ကုန်၊ မန္တလေးမြို့များသို့ မလာမီ ထားဝယ်မြို့ရှိ ထားဝယ်အထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်းကိုလည်း သွားရောက်လေ့လာခဲ့သည်။ သီရိဒုံ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံသို့ ငါးကြိမ်မြောက် အလည်အပတ် လာရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။