မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ယက်မှ မန္တလေးလူထုနေရာရှိ ဧရာဝတီခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ယက်မှ ၂၀၁၅ ခုနှစ်၊စက်တင်ဘာ ၁၈ ရက်က မန္တလေးလူထုနေရာရှိ ဧရာဝတီခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
၂၀၁၅ ခုနှစ်၊သြဂုတ်လအတွင်းကျင်းပခဲ့သော မန္တလေးတိုင်းဒေသကြီး၏ ၁၃ ကြိမ်မြောက် လွှတ်တော်တွင် မန္တလေးမြို့ရှိ အမျိုးသမီးကဲ့သို့ ပြောင်းလဲနေထိုင်သူများနှင့် အမျိုးသားချင်း ချစ်သူများနှင့် ပတ်သတ်ပြီး ဆွေးနွေးတင်ပြမှုသည် ထိုသူများအပေါ်တရားလက်လွတ် ဖမ်းဆီးမှုများ ပိုမိုဖြစ်ပွားနိုင်စေသောကြောင့် မြန်မာLGBT အခွင့်အရေးဆိုင်ရာ ကွန်ယက်မှပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် လိင်စိတ်ကွဲပြားသူများအပေါ်အပြစ်မရှိဘဲတာဝန်ထက်ကျော်လွန်၍ကျူးကျော်စော်ကားမှုများရှိပါက တိုင်ကြားနိုင်သောယန္တရားများ ထူထောင်၍ တိုင်ကြားချက်များကို တရားမျှတစွာဖြင့် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း မီဒီယာကိုပြောကြားသည်။