နေပြည်တော်တက္ကသိုလ် ရအောင်လုပ်ပေးမည်ဆိုကာ တ.စ.ည အမတ်လောင်း မဲဆွယ်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားပြုပြီး ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ဦးသာအောင်အား ၎င်းပြိုင်မည့်မြို့နယ်ရှိ သနပ်ပင်ဆိပ်(အနောက်)ရွာတွင် တစ်အိမ်တက်/ဆင်း မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၁၇ရက်က တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
အသက် ၆၃နှစ်ရှိပြီဖြစ်သော စိုက်ပျိုးရေးဦးစီးအရာရှိ(ငြိမ်း) ဦးသာအောင်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး လက်ကမ်းစာစောင်တွင် “နိုင်ငံတစ်ကာအဆင့်မီ နေပြည်တော် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးမည်” ဟု ရေးသားထားသည်။