ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးနိုင်ငံခရီးစဉ်

အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီး Moshe Yaalon ၏ ဖိတ်ကြားချက်အရ အစ္စရေးနိုင်ငံ၏ အကြီးစားစက်မှုလက်မှုလုပ်ငန်းများကို လေ့လာရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အစ္စရေးနိုင်ငံ၌ စက်တင်ဘာ ၆ ရက်နေ့မှစ၍ ရောက်ရှိနေသည်။ (Photo - Myawady) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အစ္စရေးနိုင်ငံ Ashdod ရေတပ်စခန်း ဌာနချုပ်၊ ELTA Systems Ltd ကုမ္ပဏီ၊ Israel Aerospace Industries (IAI) များသို့ သွားရောက်လေ့လာခဲ့ကြသည်။