စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ (၂၀၄)ကြိမ်မြောက် မော်ဓောမြင်သာ မြို့ထောင့်စေတီတော်၊ ဗုဒ္ဓပူဇနိယပွဲတော်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ (၂၀၄)ကြိမ်မြောက် မော်ဓောမြင်သာ မြို့ထောင့်စေတီတော်၊ ဗုဒ္ဓပူဇနိယပွဲတော်၊ လှေသဘင်ပွဲတော်နှင့် လှေလှော်ပြိုင်ပွဲအား ၂၀၁၈ခုနှစ်၊ အောက်တိုဘာ ၆ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်စဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ဖွင့်လှစ်ပြီး ယခု အခမ်းအနားသည် နှစ်ပေါင်း (၂၀)ကျော်အတွင်း ပထမဆုံး ပြန်လည်ကျင်းပခြင်း ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ မော်ဓောမြင်သာ စေတီတော်ကို တတိယမြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သည့် အလောင်းမင်းတရားကြီးက ဂေါတမမြတ်စွာဘုရား၏ မြသပိတ်တော်ကို ဌာပနာထည့်သွင်းပူဇော်၍ ၁၁၁၉ခုနှစ်တွင် တည်ထားခဲ့ပြီး မြို့၏ အရှေ့ဘက်ထောင့်တွင် တည်ရှိသောကြောင့် မြို့ဒေါင့်စေတီဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် တော်သလင်းလပြည့်ကျော် (၈)ရက်နေ့မှ သီတင်းကျွတ်လဆန်း (၁)ရက်နေ့အထိ ကျင်းပလေ့ရှိသည်။