ဝန်ကြီးနှင့် စစ်ဗိုလ်ချုပ်အငြိမ်းစားတို့ ကြိုတင်မဲဆွယ်မှုကိစ္စ NLD ရှင်းလင်း

လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော်ရှိ မြို့နယ်အသီးသီးတွင် ဝင်ပြိုင်မည့် ဝန်ကြီးဦးမြင့်လှိုင်အပါအဝင် ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် လယ်ဆည် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးကျော်ဝင်းတို့၏ မဲဆွယ်စည်းရုံး လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က စက်တင်ဘာ ၅တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)၊ အဆိုပါ ဦးမြင့်လှိုင်၊ ဦးလှဌေးဝင်း၊ ဦးဝေလွင်နှင့် ဦးကျော်ဝင်းတို့သည် သတ်မှတ်ကာလမတိုင်ခင် ကြိုတင်မဲဆွယ်သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားသွားမည်ဟု NLDပါတီ၏ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။ NLDပါတီက ကော်မရှင်ထံတိုင်ကြားမည့် ကိုယ်စားလှယ်လောင်း ၄ဦးလုံး၏ လှုပ်ရှားမှုအပြည့်အစုံကို www.mizzimaburmese.com တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။