မဲဆွယ်စည်းရုံးမှု စလုပ်နေပြီလား

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်၏ ညွှန်ကြားချက်ဖြင့် ဒက္ခိဏမြို့နယ်အတွင်းရှိ မန်ကျည်းကုန်းကျေးရွာ၊ မူလတန်းလွန်ကျောင်းရှိ ဆရာမများအား ဆန်၊ ဆီ၊ ကျောင်းဝတ်စုံနှင့် ယပ်တောင်များကို လယ်/ဆည် ညွှန်ချုပ် ဦးကျော်ဝင်းက စက်တင်ဘာ ၄ရက် မွန်းလွှဲပိုင်းက ပေးအပ်နေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ) ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၂၂ကျောင်းတွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်းက ရွာသစ်ကျေးရွာစာသင်ကျောင်းတွင်မူ ဦးမြင့်လှိုင်ကို မဲထည့်ရန် ရေးသားထားသော စာသားများပါဝင်သည့် ထီးများကိုလည်း ပေးအပ်ခဲ့သည်။ သို့သော် သတင်းထောက်များ သတင်းရယူနေသည့် မန်ကျည်းကုန်းရွာ စာသင်ကျောင်းတွင်မူ ထီးများပေးအပ်ခြင်း မရှိပေ။ ဦးမြင့်လှိုင်သည် လာမည့်ရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဖြစ်သည်။