လိုဏ်ဂူအတွင်း ပျောက်ဆုံးပိတ်မိနေတဲ့ လူငယ်လေးတွေအတွက် ဆုတောင်းပွဲပြုလုပ်

ထိုင်းနိုင်ငံ၊ မြောက်ပိုင်း မယ်ဆိုင်ခရိုင်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်အနီးရှိ ပါရာစစ်စပ်ကျောင်းမှ ကျောင်းသားငယ်လေးတွေဟာ သမ်လောင်လိုဏ်ဂူအတွင်း ပိတ်မိပျောက်ဆုံးနေတဲ့ သူတို့ရဲ့ အတန်းဖော်တွေအတွက် ဆုတောင်းပွဲကို ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)  အဆိုပါလူငယ် ၁၂ ယောက်နဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်း နည်းပြဖြစ်သူတို့ဟာ ဇွန် ၂၃ ရက်ကတည်းက လိုဏ်ဂူအတွင်း ပိတ်မိပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ဆုံးသတင်းများအရ လိုဏ်ဂူထဲ ပိတ်မိပျောက်ဆုံးနေဆဲဖြစ်တဲ့ ထိုင်းလူငယ်အဖွဲ့ကို ကယ်တင်နေတဲ့ လုပ်ငန်းတွေဟာ ပိုမိုခရီးပေါက်လာခဲ့တယ်လို့ ဆိုနိုင်ပြီး ယခုအခါမှာဆိုရင် ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့ညွန်တွေ၊ ရေတွေကို ဖြတ်ရင်းနဲ့ အဆိုပါ လူငယ် ၁၃ ယောက် ရှိနေနိုင်တယ်လို့ ယုံကြည်ရတဲ့ ဂူအတွင်းနေရာတစ်ခုအနားအနားကို နီးကပ်သွားနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။