ကလေးငယ်တွေ ပျောက်ဆုံးပိတ်မိနေတဲ့ လှိုဏ်ဂူကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်

ကလေးငယ် ၁၂ ဦးပါ ဘောလုံးအသင်းနဲ့ နည်းပြဖြစ်သူတွေ ပိတ်မိပျောက်ဆုံးနေလျက်ရှိတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ သမ်လောင်လှိုဏ်ဂူကို ဒီကနေ့ မနက်ပိုင်း (ဇွန် ၂၉ ရက်)က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ကိုယ်တိုင် လာရောက်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ ကလေးလေးတွေရဲ့ မိသားစုတွေနဲ့လည်း တွေ့ဆုံပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကိုလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။ (ဓာတ်ပုံ - AFP) အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အကြား အသက်အပိုင်းအခြားရှိ ထိုင်းလူငယ် ၁၂ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြဖြစ်သူတို့ဟာ ဇွန်လ ၂၃ ရက်ကတည်းက အဆိုပါ သမ်လောင်ဂူထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး ယခုအချိန်ထိ ပြန်ရှာတွေ့ခြင်း မရှိသေးပါဘူး။