မိုးသည်းထန်မှုကြောင့် ထိုင်းလှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ကလေးငယ်များအတွက် ရှာဖွေကယ်ဆယ်မှု နှောင့်နှေး

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်တွင် တည်ရှိသော သာလောင်လှိုဏ်ဂူထဲ ပိတ်မိပျောက်ဆုံးနေလျက်ရှိတဲ့ ကလေးငယ် ၁၂ ဦးပါ ဘောလုံးအသင်းနဲ့ နည်းပြဖြစ်သူတို့ကို ပြန်ရှာတွေ့ဖို့ ကြိုးစားနေစဉ်မှာပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၂၇ ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - AFP) အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား အရွယ်အပိုင်းအခြားရှိ ကလေးငယ် ယောကျ်ားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်းနည်းပြဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကတည်းက ယင်းလှိုဏ်ဂူထဲ ၀င်ရောက်ပိတ်မိပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ (သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/40864)