အညာသူအညာသား ထန်းတောင်သူများ

ခေတ်အဆက်ဆက် ထန်းသမားတို့၏ ဘဝပြောင်းလဲမှု မရှိသေးသော်လည်းထန်းတောတို့၏အနေအထားကပြောင်းလဲနေပြီဖြစ်သည်။
ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now
ထန်းပင်တစ်ပင်အရွယ်ရောက်ရန် ဆယ်စုနှစ်များစွာကြာမြင့်သည်။ သို့သော်လည်းအညာဒေသတွင်ပေါ်ပေါက်နေသောထန်းပင် အရေအတွက် အများအပြားကိုရောင်းချရန်အတွက်စက်လွှဖြင့် တိုက်ဖြတ်ခုတ်လှဲခြင်းအတွက်မူနာရီအနည်းငယ်သာလိုအပ်မည်ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းမှုပုံစံအပြောင်းအလဲ၊ နေရပ်ရွှေ့ပြောင်းလုပ်ကိုင်မှု၊ စျေးကွက်လိုအပ်ချက်တို့သည် ထန်းပင်အိုထန်းပင်ပျို များစွာကိုခုတ်လှဲရောင်းချနေကြခြင်း၏ အကြောင်းရင်းတချို့ ဖြစ်လာသည်။
မကြာသေးမီကအညာဒေသသို့ သွားရောက်လေ့လာသူရန်ကုန်သားသတင်းထောက် ဖြိုးသီဟချိုကထန်းလုပ်ငန်းခွင် မြင်ကွင်းတချို့ကိုမှတ်တမ်းတင်ခဲ့သည်။