NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

စင်္ကာပူရှိ Jubilee တံတားဆီ အလည်အပတ်သွားရောက်ခဲ့တဲ့ ကင်မ်ဂျုံအန်

စင်္ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိပ်သီးဆွေးနွေးရန် ရောက်ရှိနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ဇွန်လ ၁၁ ရက် ညပိုင်းက Esplanade ရှိ Jubilee တံတားဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် ကင်မ်ဂျုံအန်နဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်တို့ အတူတကွ ရိုက်ကူးထားတဲ့ ဆယ်လ်ဖီဓာတ်ပုံကိုလည်း တွေ့ရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ဟာ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်မှာ ဆန်တိုဆာကျွန်း (Sensota) ရှိ Capella ဟိုတယ်မှာ တွေ့ဆုံသွားဖို့ ရှိပါတယ်။ (ဓာတ်ပုံ - အီးပီအေ)