နေရာဇီဇာမကြောင်သည့် အသီး

ဒေသအများအပြားတွင် ဖြစ်ထွန်းနိုင်သည့် စပျစ်ကိုအရည်အသွေးကောင်းရရှိရေးအတွက် စိုက်မည့်ဒေသနှင့် သင့်လျော်သည့် နည်းနာရွေးချယ်ရန် လိုအပ်သည်
အောင်ငြိမ်းချမ်း / Myanmar Now
မြန်မာနိုင်ငံတွင် စပျစ်အများဆုံးစိုက်ပျိုးသည့်ဒေသမှာ မန္တလေးတိုင််းဒေသကြီး ရမည်းသင်းမြို့နယ် ဖြစ်သည်။
မြန်မာပြည်ဒေသအများစုတွင် စပျစ်စိုက်ပျိုးဖြစ်ထွန်းနိိုင်သော်လည်းရာသီဥတု၊ မြေအမျိုးအစားတို့ တူညီခြင်းမရှိသောကြောင့် စပျစ် စိုက်လိုသူသည် မိမိဒေသနှင့် ကိုက်ညီမည့် စိုက်ပျိုးနည်းစနစ်၊ ပြုပြင်ထိန်းသိမ်းပုံတို့ကိုလေ့လာသိရှိထားရသည်။
ထိုသို့ သိရှိထားမှ သီးနှံဖြစ်ထွန်းအောင်မြင်ခြင်း၊  အရည်အသွေးကောင်းခြင်း၊ စျေးကွက်ဝင်ခြင်းအဆင့်တို့ကိုတက်လှမ်းနိုင်မည်ဖြစ်သည်။
စိုက်ပျိုးသူပေါများလာပါကစပျစ်သီးဖျော်ရည်၊စပျစ်သီးခြောက်၊စပျစ်ယို၊စပျစ်စေ့အဆီ၊စပျစ်စေ့အမှုန့်စသည့် တန်ဘိုးမြင့်ထုတ်ကုန်များ၊ ပြည်ပပို့ကုန်များကိုထုတ်လုပ်နိုင်မည်ဖြစ်သည်။