ဒီမိုကရေစီစနစ်ကို NLD ပါတီသွေဖယ်မှု လုံးဝမရှိ ဟုဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သမိုင်းတစ်လျှောက် ဒီမိုကရေစီစနစ် ကိုသွေဖယ်ခဲ့ခြင်း လုံးဝမရှိခဲ့ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌဖြစ်သူဒေါ်အောင်ဆန်းစုကြည် ကပြောဆိုလိုက်သည်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မင်းကုန်းကျေးရွာတွင် ဩဂုတ် ၃၀ရက် ကပြုလုပ်သည့်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြော တွင်ပြောဆိုခဲ့ခြင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် သည်နေပြည်တော်တွင်းရှိနေရာ(၅)နေရာတွင် တစ်ရက်တည်း ဟောပြောသွားမည်ဖြစ်ပြီး အာဏာပိုင်များဘက်က နေရာကန့်သတ်မှုများရှိသည်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)