မြန်မာနိုင်ငံရဲ့ လူဦးရေ ၃၂ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုထဲ ကျန်ရှိနေသေး

ရန်ကုန်မြို့ဆင်ခြေဖုံးမှာရှိတဲ့ အုတ်ဖိုလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများကို ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့မြင်ရတာဖြစ်ပါတယ်။ အဆိုပါအလုပ်သမားများဟာ အုတ်ဖိုလုပ်ငန်းခွင်မှာ ပျမ်းမျှ အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် ၂၀၀၀-၃၀၀၀ ကျပ်ဝန်းကျင် ဝင်ငွေ ရရှိတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့က ထုတ်ပြန်တဲ့  မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု အကဲဖြတ်စာတမ်းတစ်စောင်ရဲ့ ဖော်ပြချက်အရ ၂၀၀၄ ခုနှစ်နောက်ပိုင်း ဆင်းရဲမွဲတေမှု ၄၈.၂ ရာခိုင်နှုန်းကနေ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်ဆိုတဲ့ အချက်အလက်ရှိနေပေမယ့် မြန်မာလူဦးရေရဲ့ ၃၂.၁ ရာခိုင်နှုန်း (လူ ၁၅.၈ သန်း)ခန့်ဟာ ဆင်းရဲမွဲတေမှုထဲမှာ ရှိကြပါတယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ)