ရခိုင်ရိုးရာ နပန်း 'Kyon'

၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၇ ဒီဇင်ဘာ ၁၅  ရက်မှာ စစ်တွေမြို့မှာ ကျင်းပတဲ့ Kyon နပန်းပွဲမှာ ရခိုင်နပန်းသမားနှစ်ဦး ပြိုင်ပွဲဝင်နေကြစဉ်။ ကျင်ပွဲလို့ လူသိများကြတဲ့ Kyon နပန်းပွဲကတော့ ရခိုင်ပြည်နယ်မှာ ကျင်းပတဲ့ ရိုးရာ အားကစားနည်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အကနဲ့ တိုက်ခိုက်မှုတို့ ပါ၀င်ပါတယ်။ Kyon ဆိုတာကတော့ Kyar-Yon ကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ (Kyar ဆိုတာကတော့ ကျား ဖြစ်ပြီး Yon ဆိုတာကတော့ လျင်မြန်သောလို့ အဓိပ္ပါယ်ရပါတယ်)။ အပြည့်အစုံဆိုရင်တော့ လျင်မြန်သော ကျား ဖြစ်ပါတယ်။ ယင်း အားကစားနည်းရဲ့ အဓိက ရည်ရွယ်ချက်က ပြိုင်ဘက်ကို မြေကြီးပေါ် အား၊ နည်းစနစ်တို့ သုံးပြီး လှဲချဖို့ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ထိခိုက်စေခြင်း မရှိရပါဘူး။ (ဓာတ်ပုံ - ညွှန့်ဝင်း/အီးပီအေ-အီးအက်ဖ်အီး)