ဒေါ်အောင်ဆန်းစုကြည် စစ်တွေလေဆိပ်မှ ပြန်လည်ထွက်ခွာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ UEHRD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသသို့ နိုဝင်ဘာလ ၂ ရက်နေ့က သွားရောက်ခဲ့ပြီးနောက် ညနေပိုင်းမှာတော့ စစ်တွေမြို့ လေဆိပ်သို့ ပြန်လည်ရောက်ရှိကာ ထိုမှတဆင့် ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ (ဓာတ်ပုံ -  ညွှန့်ဝင်း၊ အီးပီအေ/အေအက်ဖ်အီး) ပြီးခဲ့တဲ့ သြဂုတ်လ ၂၄နှင့် ၂၅ ရက်နေ့ကတည်းက ARSA အကြမ်းဖက်သမားများနှင့် ဒေသခံအပေါင်းအပါတို့ရဲ့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကြောင့် အထိနာနေရတဲ့ ရခိုင်ပြည်နယ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်တာလည်းဖြစ်ပါတယ်။ သူမဟာ ရခိုင်ပြည်နယ်ထဲက သံတွဲကို ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားခဲ့ဖူးပါတယ်။ စစ်တွေကိုတော့ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သွားရောက်ခဲ့ပြီးနောက် (၁၄) နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။