နေရပ်ပြန်ရန် လမ်းပျောက်နေသည့်ကချင်စစ် ဘေးရှောင် အမျိုးသမီးနဲ့ကလေး

ကချင်လွတ်မြောက်ရေးတပ် KIA နှင့် မြန်မာ့တပ်မတော်ကြား ၂၀၁၁ ခုနှစ် ဇွန်လဆန်းတွင် ပြန်လည် စတင်သော စစ်ပွဲများကြောင့်  ကချင်ပြည်သူ ၁ သိန်းဝန်းကျင်သည် မိမိတိုု့နေရပ်ကိုု စွန့်ခွါပြီး  ကချင်ပြည်နယ်တဝှမ်းရှိ စစ်ဘေးရှောင်စခန်း ၁၀၀ ကျော်တွင် ခိုုလှံုနေကြဆဲဖြစ်သည်။ အဆိုုပါ စစ်ရှောင်ကချင်ပြည်သူ ၁ သိန်းဝန်းကျင်၏ ရ၅ ရာခိုုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း UNOCHA ၏ စာရင်းများအရသိရသည်။
အဆိုုပါ စစ်ရှောင်များသည် စားဝတ်နေရေး၊ကျန်းမာရေး၊ စီးပွားရေး၊ နေရာထိုုင်ခင်းများအပါအဝင် အခက်အခဲများကြံုနေရသော်လည်း ၆နှစ်ကျော်ကြာသည့်ယနေ့အချိန်ထိ စစ်ဘေးရှောင်ဒုုက္ခသည်များနေရပ်ပြန်ရေးမှာ မျှော်လင့်လိုု့မရနိုုင်သေးသည့် အခြေအနေဖြစ်သည်။
သိုု့သော် စစ်ပွဲများရပ်တန့်ရန်နှင့် စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်နိုုင်ရေးတွက် ကချင်ပြည်နယ်မှ နိုုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်းစုံုက အားသွန်ခွန်စိုုက် ပါ၀င်ပြီး အစွမ်းကုုန်ကြိုးစားဆောင်ရွက်လျှက်ရှိသည်။တဖက်တွင်တိုုက်ပွဲများဆက်လက်ဖြစ်ပွားနေသလို တဖက်ကလည်း နိုုင်ငံတော်အစိုုးရအနေနှင့် ဖယ်ဒရယ်ပြည်ထောင်စုုစနစ်ဖြစ်ထွန်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ညီလာခံများကိုု ကျင်းပလျှက်ရှိသည်။
လက်ရှိအချိန်အထိ KIA (ကချင်လွတ်မြောက်ရေးတပ်) အနေဖြင့် တနိုုင်ငံလုံုးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA )ကိုု လက်မှတ်ရေးထိုုးထားခြင်းမရှိသလိုု ဒုုတိယအကြိမ်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုု ပင်လုံု  ဒုုတိယအစည်းအဝေးသိုု့လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။
ပင်လုံ အစည်းအဝေးများသို့ တက်ရောက်ခြင်းမရှိသော်လည်း လက်ရှိ အစိုးရမှ ဦးဆောင်ဆွေးနွေးနေသော အစီစဉ်များအတိုင်း နိုင်ငံရေး၊စီးပွားရေး၊လုံခြံုရေး စသည့် ကဏ္ဍ ၅ရပ်အတွက် KIO မှဦးဆောင်ကာ ပြင်ဆင်နေသည်ဟု မကြာသေးမီက လိုင်ဇာက  ပြန်လာသည့် Kachin Baptist Convention မှ အထွေအထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။ ထို့ပြင် စစ်ရှောင်ဒေသတချို့ကိုု သွားရောက် လေ့လာဆန်းစစ်မှုပြုလုုပ်ပြီး ဘေးကင်းလုံုခြံုသည့်စိတ်ချရပြီဟုု ယူဆရသည့် ဒေသများသိုု့ စစ်ရှောင်အချို့ပြန်လည် အခြေချနေနိုုင်ရန်အတွက်လည်း အစီအစဉ်စတင်နေပြီဖြစ်ကြောင်း ၄င်းက ပြောသည်။
“ကျွန်တော်တိုု့  Returning program  စနေပြီ။ အခုကောက်ထားတာ ၂၂ရွာရှိတယ်။ ပြန်နိုင်ဖို့အတွက် အချက်အလက်တွေ ကောက်တယ်။ ပြီးရင် ရွာရဲ့ အခြေအနေတွေကို သုံးသပ်ပြီးတော့မှ အစိုးရကို တင်ပြမယ်။ KIO မှာလည်း စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီး ကော်မတီရှိတယ်။ သူတို့ ကော်မတီကို အကြောင်းကြားပြီးတော့မှ International procedure အရ လုပ်ဆောင်သွားပြီးမှ returning program စနေပါပြီ။ camp ကလူတွေတော့ မသိသေးဘူး။ အစိုးရတွေ ခွင့်ပြုတဲ့ အချိန်မှာပြန်ဖို့တော့ နဂိုကတည်းက ပြောထားတာတွေရှိတယ်။ ဒါပေမယ့် ဒီ Process ကို မသိသေးဘူး။ ခုစနေပြီ။ အသေးစိတ်ကိုတော့ မသေချာသေးလို့၊  တင်ပြပြီး အတည်ပြုရဦးမယ်။ KIO ကို တင်ပြပြီးပြီ။ အစိုးရကို တင်ပြရဦးမယ်။  ၄၊၅၊၆ လကြာဦးမယ်” ဟုဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
သိုု့သော်လည်း လက်ရှိအစီအစဉ်အရ နေရပ်ကိုုပြန်နိုုင်မည့်စစ်ရှောင်ဦးရေမှာ ၂ သောင်းခန့်သာရှိမည်ဖြစ်သောကြောင့် ကျန်ရှိသည့် စစ်ဘေးရှောင် ၈ သောင်းကျော်မှာ စစ်ရှောင်စခန်းများတွင်သာ ဆက်လက်သောင်တင်နေကြဦးမည်ဖြစ်သလို  နေရပ်ဇာတိကိုုပြန်နိုုင်မည့် အခွင့်အလမ်းမှာ ဝေဝါးနေဆဲဖြစ်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားရှိ ဂျာမိုင်းကောင်း စစ်ဘေးရှောင် စခန်း နှင့် ဝိုုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားစစ်ဘေးရှောင်စခန်းထဲတွင် နေရပ်ပြန်နိုင်ရေးအတွက် ငြိမ်းချမ်းရေးကိုု စောင့်ဆိုုင်းနေသော  ဒုုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များအကြောင်းကိုု မဇ္စျိမမှ ဓာတ်ပုံုအယ်ဒီတာ ဟောင်ဆာ(ရာမည)မှ မှတ်တမ်းတင်ရိုုက်ကူးထားသည့် ဓာတ်ပုံုများကိုု ဖော်ပြလိုုက်ရပါသည်။
ဓာတ်ပုံု - ဟောင်ဆာ(ရာမည)