အပူလှိုင်းကြောင့် တိုင်ပေမြစ်အတွင်း ငါးသေဆုံးမှုများ ဖြစ်ပေါ်

ထိုင်ဝမ်တိုင်ပေရှိ Keelung မြစ်ကမ်းဘေးမှ သေဆုံးနေတဲ့ ငါးအများအပြားကို သြဂုတ်လ ၂၉ ရက်က တွေ့မြင်ရတာဖြစ်ပါတယ်။ ငါးအသေကောင် အမြောက်အများဟာ မကြာသေးမီရက်များအတွင်း Keelung မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တိုင်ပေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအရ အပူလှိုင်းတစ်ခုကြောင့် ငါးအမျိုးအစား တစ်မျိုး flathead grey mullet (Mugil cephalus)သာ သေဆုံးမှုဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ တိုင်ပေဟာ နှစ် ၁၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေမှုနဲ့အတူ ၁၆ ရက်ဆက်တိုက် ပူပြင်းတဲ့ ရာသီဥတုကို ခံစားနေခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)