ထိုင်းရဲ့ နောက်ကျသွင်းဂိုးကြောင့် မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာနှင် ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းအသင်းခေါင်းဆောင် ချန်ရော့ပ်ရဲ့ နောက်ကျသွင်းကြောင့် မြန်မာအသင်းမှာ ထိုင်းကို (၁-၀)ဂိုးဖြင့် ရှံုးနိမ့်ခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ) ဗိုလ်လုပွဲနှင့်လွဲချော်သွားတဲ့ မြန်မာယူ ၂၂ အသင်းမှာ ယနေ့ည ရး၁၅ တွင်ကစားမယ့်  မလေးရှား-အင်ဒိုနီးရှားပွဲစဉ်မှာ ရှုံးတဲ့အသင်းနှင့် သြဂုတ် ၂၉ မှာ တတိယလုရမှာဖြစ်ပါတယ်။