ရသေ့တောင် ဒေသခံပြည်သူများ ဘေးကင်းလုံခြံုရာသို့ ပြောင်းရွှေ့

သြဂုတ်လ ၂၅ ရက်နေ့က ရသေ့တောင်မြို့နယ်ရှိ ဒေသခံပြည်သူများ တိုက်ခိုက်မှုဖြစ်ပွားရာနေရာများမှ ဘေးကင်းလုံခြံုရာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ည အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်စခန်းပေါင်း ၂၀ ကျော်စီးနင်းခံလိုက်ရပြီးနောက် လုံခြံုရေးတပ်ဖွဲ့ဝင် ၁၁ဦး၊ လဝက ဝန်ထမ်း ၁ ဦး ၊ တိုက်ခိုက်သူများဘက်မှ ရ၇ ဦး၊ အရှင်ဖမ်းမိထားသူ ၂ ဦး၊ နှစ်ဖက် သေဆုံးသူ ၈၉ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ (ဓာတ်ပုံ - ညွှန့်ဝင်း/အီးပီအေ)