ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး စမူဆာ

လန်ဒန်က မွတ်လလင်အကူအညီပေးရေးအသင်းဟာ အကြီးဆုံး စမူဆာကြီးကို သြဂုတ် ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး ကမ္ဘာ့စံချိန်ချိုးလာပါတယ်။ စမူဆာကြီးဟာ အလေးချိန် ၁၅၃ ဒဿမ ၁ ကီလိုဂရမ် (၃၃၇ ဒဿမ ၅ ပေါင်) ရှိပြီး တရားဝင် ဂင်းနစ်ကမ္ဘာ့စံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အရှေ့လန်ဒန်ဗလီမှာ ခုအသင်းက စေတနာဝန်ထမ်း တစ်ဒါဇင်ဟာ စမူဆာကြီးကို ပြုလုပ်ကြတာဖြစ်ပါတယ်။ အရင်က ကမ္ဘာ့အကြီးဆုံး စမူဆာအဖြစ် စံချိန်တင်ထားတာကတော့ အင်္ဂလန်မြောက်ပိုင်း Bradford College က ၂၀၁၂ ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့ စမူဆာကြီးဖြစ်ပြီး အလေးချိန်က ၁၁၀ ဒဿမ ၈ ကီလိုဂရမ် ရှိပါတယ်။
(ဓာတ်ပုံ - အေအက်ဖ်ပီ)
Video: http://www.mizzimaburmese.com/article/31116