ဒုတိယအကြိမ် မြန်မာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲ

ဒုတိယအကြိမ် မြန်မာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။
တွဲဆိုင်းတွေက ဒေါင်းဖြူ - စိုးဝင်းသန်း၊ ရဲသွေးနီ - ဂွန်ထယ်ဆိုင်း(ထိုင်း)၊ ထွန်းလွင်မိုး - အယ်လက်ဇီဆာရီပီစို့စ်(နယူးဇီလန်)၊ သားအသည်းတစ်ပွင့် - ဗစ်တာဟူဂိုနူးစ် (ဘရာဇီးလ်)၊ ဖျံသွေး - ဆီဘတ်စ်တီယန်ဘီလဒ်(ပြင်သစ်)၊ စောဂေါ်မူဒို - နျူးကလီးယားဟာဒီ (အီရန်) ၊ ဒေ့ဗ် - ဆိုင်းရပ်စ် (အမေရိကန်)၊ ဘရော်နီကာ (မြန်မာ) - မိုမိုကို(ဂျပန်) တို့ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီးပွဲစဉ်မှာ မြန်မာမှ ဘယ်ရောနီကာနဲ့ ကော်စတာရီကာမှ မော်နီကာဘားနီးစ်မီနာတို့ ထိုးသတ်ခဲ့ပြီး  ၄ ချီ သရေပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပုံ - သားအသည်းတစ်ပွင့် - ဗစ်တာဟူဂိုနူးစ် (ဘရာဇီးလ်)၊ ဘယ်ရောနီကာနဲ့ မော်နီကာဘားနီးစ်မီနာ။ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်၊ အီးပီအေ)