တရုတ်နိုင်ငံက ငရုတ်သီးစားပြိုင်ပွဲ

"chili bath" လို့ ခေါ်တဲ့ ငရုတ်သီးတွေရေစိမ်ပြီး ရေချိုးရင်း ငရုတ်သီးစားပြိုင်ပွဲတစ်ကို တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ နိမ်ရှန်မှာ သြဂုတ်လ ၁၂ ရက်က ပြုလုပ်ခဲ့တာပါ။ အဆိုပါပြိုင်ပွဲဟာဖြင့် ဟူနန်ပြည်မှာ ကျော်ကြားလှတဲ့ အစားအသောက်တွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ အခုလို ကျင်းပကြာတာလို့ဆိုပါတယ်။ ပြိုင်ပွဲရဲ့ အနိုင်ရသူဟာ တစ်မိနစ်အတွင်း ငရုတ်သီး ၁၅ တောင့်ကို စားနိုင်ခဲ့ပါတယ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)