အီဂျစ်မှာ ရထားနှစ်စင်းတိုက်မှု သေဆုံးသူ ၄၀ ဦးထိ မြင့်တက်လာ

အီဂျစ်နိုင်ငံရဲ့ မြောက်ပိုင်းကမ်းရိုးတန်းအနီးမှာ ခရီးသည်တင် ရထားနှစ်စင်း တိုက်မိခဲ့မှုကြောင့် သေဆုံးသူဦးရေ ၄၀ ဦးအထိ မြင့်တက်လာကြောင်း နိုင်ငံပိုင်သတင်းဌာန Mena အရ သိရပါတယ်။ အခြားလူ ၁၃၃ ဦး ဒဏ်ရာရှိခဲ့ကြပါတယ်။ (ဓာတ်ပုံ - Hazem Gouda/အီးပီအေ) ရထားတစ်စင်းက ကိုင်ရိုင်မြို့မှ ခုတ်မောင်းလာခဲ့ပြီး အခြားတစ်စင်းဟာ ပို့ဆတ်ဒ်မြို့ကနေ ထွက်ခွာလာခဲ့ကာ  အီဂျစ်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ အလက်ဇန်ဒရာမှာ တိုက်မိခဲ့ကြတယ်လို့က Mena အရ သိရပါတယ်။