၂၀၁၇ ဥရောပစူပါဖလားချန်ပီယံ ရီးယဲလ်မက်ဒရစ်

သြဂုတ်လ ၉ ရက်နေ့့ မက်ဆီဒိုးနီးယားနိုင်ငံ၊ စကိုပီယိုမှာ ယှဉ်ပြိုင်သွားခဲ့တဲ့ ၂၀၁၇ ဥရောပါစူပါဖလားလုပွဲမှာ စပိန်နှင့် ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်က ယူရိုပါလိဂ်ချန်ပီယံ မန်ယူအသင်းကို (၂-၁)ဂိုးရလဒ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရယူကာ ကာကွယ်သွားခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)
ဥရောပစူပါဖလားပြိုင်ပွဲရဲ့ အချက်အလက်အချို့
စပိန်ကလပ်အသင်းတွေဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဥရောပစူပါဖလား (၉)ကြိမ်မှာ (၈)ကြိမ်အထိ ဆွတ်ခူးခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဥရောပစူပါဖလားတွင် (၄)ကြိမ်မြောက် ဗိုလ်စွဲခဲ့တာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ အများဆုံး ဗိုလ်စွဲထားတဲ့ ဘာစီလိုနာနှင့် အေစီမီလန်တို့ကို လိုက်မီရန် တစ်ကြိမ်သာ လိုအပ်ပါတော့တယ်။
နည်းပြမော်ရင်ဟိုဟာ ဖလားပြိုင်ပွဲမှာ ရီးယဲလ်အသင်းနဲ့ တွေ့ဆုံရာမှာ အနိုင်ရယူနိုင်ခြင်း မရှိဘဲ (၅)ပွဲမှာ တစ်ပွဲသရေနှင့် ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ နည်းပြတစ်ယောက်အနေဖြင့် ဥရောပစူပါဖလားပြိုင်ပွဲ (၃)ကြိ်မ် ရှုံးနိမ့်တဲ့ ပထမဆုံးနည်းပြဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပေါ်တို၊ ၂၀၁၃ ခုနှစ်မှာ ချယ်လ်ဆီးနှင့် ၂၀၁၇ ခုနှစ် မန်ယူအသင်းတို့ဖြစ်ပါတယ်။
နည်းပြ ဇီဒန်းဟာ ရီးယဲလ်အသင်းကို ကိုင်တွယ်တဲ့ (၁၉)လအတွင်း ချန်ပီယံလိဂ် (၂)ကြိမ်၊ လာလီဂါဖလား (၁)ကြိမ်၊ ဥရောပစူပါဖလား (၂)ကြိမ်နှင့် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ (၁)ကြိမ် စုစုပေါင်း ဆုဖလား (၆)ခုအထိ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။
ယူရိုပါချန်ပီယံအသင်းတစ်အသင်းအနေနဲ့ စူပါဖလားကို နောက်ဆုံးဆွတ်ခူးခဲ့တဲ့ အသင်းဟာ ၂၀၁၂ ခုနှစ်က ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်သလက်တီကိုအသင်းဖြစ်ပါတယ်။
ရီးယဲလ်ဟာ ဥရောပစူပါဖလားကို ၁၉၉၀ ခုနှစ် (အေစီမီလန်)နောက်ပိုင်း ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။
ဥရောပစူပါဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းများ
ဘာစီလိုနာ ၅ ကြိမ် (၁၉၉၂၊ ၁၉၉၇၊ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅)
အေစီမီလန် ၅ ကြိမ် (၁၉၈၉၊ ၁၉၉၀၊ ၁၉၉၄၊ ၂၀၀၃၊ ၂၀၀၇)
ရီးယဲလ်မက်ဒရစ် ၄ ကြိမ် (၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇)
လီဗာပူးလ် ၃ ကြိမ် (၁၉၇၇၊ ၂၀၀၁၊ ၂၀၀၅)
အေဂျက်စ် ၂ ကြိမ် (၁၉၇၃၊ ၁၉၉၅)
အန်ဒါလက်ချ် ၂ ကြိမ် (၁၉၇၆၊ ၁၉၇၈)
ဗလင်စီယာ ၂ ကြိမ် (၁၉၈၀၊ ၂၀၀၄)
ဂျူဗင်တပ်စ် ၂ ကြိမ် (၁၉၈၄၊ ၁၉၉၆)
အက်သလက်တီကို ၂ ကြိမ် (၂၀၁၀၊ ၂၀၁၂)
ဆီဗီလာ ၁ ကြိမ် (၂၀၀၆)
ပေါ်တို ၁ ကြိမ် (၁၉၈၇)
ဘိုင်ယန်မြူးနစ် ၁ ကြိမ် (၂၀၁၃)
မန်ယူ ၁ ကြိမ် (၁၉၉၁)
ချယ်လ်ဆီး ၁ ကြိမ် (၁၉၉၈)