Miss Myanmar International 2017 အလှမယ်ပြိုင်ပွဲ ရန်ကုန်မှာ ကျင်းပ

Miss Myanmar International 2017 Grand Final ပြိုင်ပွဲကြီးကို သြဂုတ် ၁ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် အလှမယ် အယောက်(၃၀) ကနေ အလှမယ် (၁၀)ဦးကို ရွေးချယ်ခဲ့ပြီး နောက်ဆုံး အလှမယ် (၅)ဦးထဲကမှ ခါးနံပါတ် (၂၀)အလှမယ် စဝ်ယွန်းဝတီဦးက Miss Myanmar International 2017 ရဲ့ Winner ဆုရှင်ဖြစ်ခဲ့ပါတယ်။ Winner ဆုရှင် အလှမယ် စဝ်ယွန်းဝတီဦးကတော့ ဂျပန်နိုင်ငံ၊ တိုကျိူမြို့မှာ ကျင်းပမယ့် Miss International 2017 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ)