တရုတ်နိုင်ငံရှိ ကမ္ဘာ့ပထမဦးဆုံး ပန်ဒါဓာတ်အားပေးစက်ရုံ

ဆိုလာ (နေရောင်ခြည်စွမ်းအင်)ပြားများဖြင့် ပန်ဒါပုံစံ ဖွဲ့စည်းပုံဖော်ထားတဲ့ Datong ပန်ဒါဓာတ်အားပေးစက်ရုံအား ဒရုန်းဖြင့် ဝေဟင်မှ ရိုက်ကူးထားတာကို ဇူလိုင် ၂၅ ရက်နေ့က တွေ့မြင်ရပါတယ်။ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံ၊ ရှိန်ဇီခရိုင်၊ ဒဲလ်ထုန်မှာ တည်ရှိပါတယ်။
ကမ္ဘာ့ပထမဦးဆုံး ပန်ဒါဓာတ်အားပေးစက်ရုံဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၁၀ ရက်မှာ တရားဝင် စတင်လည်ပတ်မှာဖြစ်ပါတယ်။ ၎င်းမှာ စုစုပေါင်း ၁၀၀ မဂ္ဂါဝပ် စွမ်းအင်ပမာဏ ထုတ်လုပ်ဖို့ရှိပြီး နှစ်ပါင်း ၂၅ နှစ်အတွင်း Green Energy သဘာဝစွမ်းအား ၃.၂ ဘီလီယံ ကီလိုဝပ် ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ကျောက်မီးသွေး တန်ချိန် သန်း ၁.၀၅၆ ဆုံးရှုံးမှုကို တားမြစ်နိုင်မှုနဲ့ ညီမျှမှာဖြစ်သလို ကာဗွန်ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၂.၇၄ သန်းကို လျှော့ချနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
၁၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံဟာ နှစ်စဉ် အိမ်ထောင်စု ၁၀,၀၀၀ ကျော်ကို စွမ်းအင်ပါဝါ ထောက်ပ့ံနိုင်စွမ်းရှိပါတယ်။
(ဓာတ်ပုံ - How Hwee Young/အီးပီအေ)