ကွာလာလမ်ပူမှာ လာမည့် ၂၀၁၇ ဆီးဂိမ်းအတွက် လုံခြံုရေး လေ့ကျင့်မှုပြုလုပ်

လာမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မလေးရှား တော်ဝင်အထူးရဲတပ်ဖွဲ့များက လုံခြံုရေး ကြိုတင်ပြင်ဆင်မှုတွေကို မြို့တော် ကွာလာလမ်ပူရှိ kl Sentral မှာ ဇူလိုင်လ ၂၀ ရက်နေ့က လေ့ကျင့်ခဲ့ပါတယ်။ (ဓာတ်ပုံ - Fazry Ismail/အီးပီအေ) ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို မလေးရှားနိုင်ငံမှာ သြဂုတ်လ ၁၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပြိုင်ပွဲမှာ ဒေသတွင်းက အားကစားသမား ရ,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ ခန့်မှန်းထားပါတယ်။