ကွန်ဖက်ဒရေးရှင်းဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးသွားခဲ့တဲ့ ဂျာမနီ

အိမ်ရှင် ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲအဖြစ် ယနေ့မနက်အစောပိုင်းက ဂျာမနီနဲ့ချီလီတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဂျာမနီအသင်းက တိုက်စစ်မှူး စတင်ဒယ်လ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ) အဆိုပါပြိုင်ပွဲမှာ ဂျာမနီက ချန်ပီယံ၊ ဒုတိယ ချီလီနှင့် တတိယဆုကို ပေါ်တူဂီတို့က ရရှိပြီး ရွှေဘောလုံးဆုကို ဂျူလီယန် ဒရက်ဇယ်လာ၊ ရွှေဖိနပ်ဆုကို တီမိုဝါနာနှင့် ရွှေလက်အိတ်ဆုကို ဘရာဗိုက ရရှိခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ကွန်ဖက်ဒရေးရှင်းဖလားကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။