ဧရာဝတီမြစ်ရေ ကြီးမှုများကြောင့် မြစ်ကမ်းနှင့် နီးစပ်ရာကျေးရွာများသို့ မြစ်ရေများ ၀င်ရောက်

ဧရာဝတီမြစ်ရေ ကြီးမှုများကြောင့်  မြစ်ကမ်းနှင့် နီးစပ်ရာကျေးရွာများသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိရာ သြဂုတ်လ(၂)ရက်နေ့ နံနက် (၁၀း၀၀) နာရီ က မယ်ဘေ့ကုန်းကျေးရွာ တွင် နေအိမ်ပေါင်း (၂၉၅) အိမ် ရှိသည့်အနက် (၆၈)အိမ်သို့ မြစ်ရေများ ဝင်ရောက်လျှက်ရှိရာ မြို့ကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ နွားကောင်ရေ (၁၃၉) ကောင်၊ ဝက်(၉)ကောင် နှင့် လူဦးရေ(၃၀၉)ဦးတို့ ပြောင်းရွှေ့ နေထိုင်လျှက်ရှိသည်။ (မင်းဘူး ပြန်/ဆက်)