ကိုလံဘီယာမှာ သင်္ဘောနစ်မြုပ်မှုအတွင်း လူ ၉ ဦးသေဆုံး၊ ၂၈ ဦးခန့် ပျောက်ဆုံး

ကိုလံဘီယာနိုင်ငံ Medellin မြို့မှ ကီလိုမီတာ ၈၀ (မိုင် ၅၀)အကွာရှိ Guatape မှာ ခရီးသည်တင် သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့မှုအတွင်း အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး ၂၈ ဦးခန့် ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ (ဓာတ်ပုံ - အီးပီအေ) နစ်မြုပ်ခဲ့တဲ့ သင်္ဘောပေါ်မှာ ကမ္ဘာ့လှည့်ခရီးသည် ခန့်မှန်းခြေ ၁၇၀ ခန့် လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။